ကြိုဆိုပါ၏
ကြိုဆိုပါ၏
ရောက်လာကြတဲ့သူငယ်ချင်းများကိုကြိုဆိုပါတယ်..ဒီထဲမှာလွတ်လွတ်လပ်လပ်နေလို့ရပါတယ်...ရေးချင်ရာရေးတွေးချင်ရာတွေး
ငေးချင်ရာငေး..လုပ်ချင်ရာလုပ်ပေါ့..ဘာစည်းကမ်းချက်မှထုတ်မထားပါဘူး..
သိချင်တာနားမလည်တာရှိရင် " ကယ်တော်မူကြပါ "ဆိုတဲ့တော့ပစ်အောက်မှာဝင်ရောက်post တင်ပြီး
မေးနိုင်ကြပါတယ်. ဘယ်လို post တင်ရမလဲဆိုတာ မသိတဲ့သူငယ်ချင်းတွေအတွက်လည်း ဒီထဲမှာပဲ postတင်နည်းရှင်းပြထားတယ်...သိချင်တာရှိရင်မေးပေါ့...ပျော်စရာရွှင်စရာတွေကတော့ စောစောကဒီထဲမ၀င်ခင်တွေ့ခဲ့တဲ့
အထွေထွေခေါင်းစဉ်များ ဆိုတဲ့ thread အောက်မှာရှိပါတယ်..ဒီထဲမှာဖတ်ရှု့ပြီးသိလိုရာသိပြီးရင်အထွေထွေခေါင်းစဉ်များ ထဲမှာ
ဝင်ရောက်လက်ကမြင်းနိုင်ပါပြီ....
တစ်ခုပဲလိုအပ်ပါတယ်...registerအရင်လုပ်ပေးပါ...ပြီးရင် login အရင်ဝင်ပါ..ပြီးရင်တော့လုပ်ချင်ရာလုပ်လို့ရပါပြီ...
ပုံ/
တောင်ကြီးကလျောင်ကီး(အဲအဲ)
တောင်ကြီးက မောင်ရှမ်းကြီး

Last edited by Admin on Wed Mar 25, 2009 6:06 am; edited 2 times in total
post တင်နည်း
post တင်ချင်တယ်ဆိုရင်တော့
အောက်မှာ topic new နဲ့ topic reply ဆိုပြီးနှစ်ခုရှိတဲ့အထဲက topic replyကိုနှိပ်လိုက်ရင် ရေးဏရာကွက်လပ်ကြီးပေါ်လာမယ်..
ရေးချင်တာကိုရေးထည်းပါ..ပြီးရင်အောက်မှ preview နဲ့ send နှစ်ခုရှိတဲ့အထဲက send ကိုနှိပ်လိုက်ရင် post တင်ပြီးသား
ဖြစ်ပါပြီ...မြန်မာစာ အင်္ဂလိပ်စာပြောင်းရိုက်တာကတော့ gtalk ထဲကလိုပါပဲ.. shift နဲ့Ctrl ခလုတ်နှစ်ခုကိုတချက်တွဲနှိပ်လိုက်ရုံပဲနော်..

ဒီထဲမှာ youtube ဗီဒီယို တင်နည်း....
ဒီဖိုရမ်ထဲမှာ ကိုယ်ကြိုက်တဲ့ youtube video လေးတွေတင်လို့ရပါတယ်....ဘယ်လိုတင်ရလဲဆိုရင်...
အခု post တင်တဲ့ကွက်လပ် အပေါ်နားမှာ လေးထောင့်ဘလောက်တုံးလေးတွေရှိတယ်လေ..ဘယ်ဘက်ကနေစ ရေရင် 19ခုမြောက်
ခလုတ်လေးကိုနှိပ်လိုက်ပါ..ဒါဆိုကွက်လပ်လေးကျလာလိမ့်မယ်...အဲဒီထဲကို ကိုယ်ထည့်ချင်တဲ့ video လိပ်စာလေးကူးထည့်ပြီးokနှိပ်
လိုက်ရုံပါပဲ...
ဥပမာ။ ။ ဒီဗီဒီယိုလေး https://www.youtube.com/watch?v=ghOqudYGhnk ကိုတင်မယ်။

Permissions in this forum:
You cannot reply to topics in this forum
|
|